မိုင်းရှူးမြို့နယ်တွင် ဝန်ထမ်းပေါင်းစုံနှင့် GEC (ပညာရေး) ငွေစုငွေချေးသမဝါယမအသင်း လီမိတက် (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မိုင်းရှူး ဇွန် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ဝန်ထမ်းပေါင်းစုံနှင့် GEC (ပညာရေး) ငွေစုငွေချေးသမဝါယမ အသင်းလီမိတက် (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက်(၉)နာရီက အခြေခံပညာအထက်တန်း ကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်သမဝါယမမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်ဖြူ တို့က အဖွင့်အမှာစကား ပြောကြားပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော အသင်း၊ အသင်းသူများ၏ သား၊ သမီးအား တာဝန်ရှိ သူများက ပညာရည်ချွန်ဆုချီးမြှင့်ခဲ့သည်။

ထို့နောက် အသင်းမှ တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် အမှုဆောင် ဒါရိုက်တာ အဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြား တင်ပြခဲ့ပြီး အသင်းသားများ၏ အတည်ပြုချက်ရယူကာ သဘာပတိကျောင်းအုပ်ဆရာကြီး ဒေါ်နန်းခင်ဖြူက အတည်ပြုခဲ့သည်။

အဆိုပါ အခမ်းအနားသို့တွင် တက်ရောက်လာသော အသင်းသားများကို တာဝန်ရှိသူများက စုဆောင်းငွေပေါ် အတိုးငွေများနှင့် ထောက်ပံ့ငွေ တစ်ဦးလျှင် (၃၀၀၀)ကျပ်ဖြင့် စနစ်တကျ ခွဲဝေထုတ်ပေးခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)