ဆီဆိုင် ဇွန် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှု၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမောင်မောင်ကျော်က ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုဖြစ်ပွားနေမှု အခြေအနေများနှင့် လူကုန်ကူးခံရမှုပုံစံအမျိုးမျိုး၊ လူကုန်ကူးခံရခြင်းမှ ကင်းဝေးစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များနှင့် လူကုန်ကူးမှုဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရမည့်စည်းကမ်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများနှင့် နောက်ဆက်တွဲအန္တရာယ်များ၊ မူးယစ်ဆေးဝါးကြောင့် ဘေးထွက်ဆိုးကျိုးများ ပျက်စီး ဆုံးရှုံးသွားသောဘဝများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး ထိခိုက်နစ်နာမှုများရှင်းလင်းပြောကြားပြီး ဆိုက်ခေါင်တိုက်နယ်ဆေးရုံ ဆရာဝန် ဒေါက်တာ ဒေါ်ဆွေလဲ့ထူးက သွေးလွန်တုပ်ကွေးဖြစ်ပေါ်ရသည့်အကြောင်းအရင်းများ၊ သွေးလွန်တုပ်ကွေး အဖြစ်များဆုံးအချိန်၊ သွေးလွန်တုပ်ကွေး မဖြစ်အောင်ကာကွယ်ရမည့် နည်းလမ်းများ၊ သွေးလွန်တုပ်ကွေးအကြောင်း သိကောင်းစရာသိကောင်းစရာများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ပြန်/ ဆက်)