ပင်းတယ ဇွန် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် Biometric အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ဇွန်လ ၂၂ ရက်နေ့မှစတင်၍ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက ပညာရေးဌာနများနှင့် ကျန်းမာရေး ဌာနများသို့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့် e-Government ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုအရ Electronic စနစ်ဖြင့် လူဦးရေမှတ်ပုံတင် ခြင်းလုပ်ငန်း (e-ID)အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ Focal Ministry အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပင်းတယမြို့နယ်အတွင်းရှိ နိုင်၊ ဧည့်၊ ပြု ကိုယ်ရေးမှတ်တမ်းများအား e-ID Biographic Registration System အတွင်းသို့ ထည့်သွင်းပြီးဖြစ်၍ ဒုတိယအဆင့် ဖြစ်သည့် Biometric အချက်အလက်များ ကောက်ယူရေးလုပ်ငန်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူး ဦးခင်မောင်ချိုမှ ဦးဆောင်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ ၂၃ ရက် နေ့အထိ ပင်းတယ မြို့နယ်အတွင်းရှိ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမှီခို အသက်(၁၀)နှစ်နှင့် အထက်ရှိသူ ဦးရေစုစုပေါင်း (၂၀၀)ဦးခန့် ကောက်ယူပြီးဖြစ်ကြောင်းနှင့် Biometric အချက်အလက်များ ကောက်ယူရေးလုပ်ငန်းအား ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ချိုထံမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)