ဇမ္ဗူသီရိ ဇွန် ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ထိန်းချုပ်ရေးစီမံချက်အဖြစ် ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိသည်။
ဇမ္ဗူသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ အေးထက်ထက်သာနှင့် ဝန်ထမ်းများ၊ အခြေခံတိရိစ္ဆာန်ကျန်းမာရေးလုပ်သားများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ ကျွဲ၊ နွား ခွာနာလျှာနာရောဂါကာကွယ်ဆေးများ အခမဲ့ သွားရောက်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဗလသိဒ္ဓိရပ်ကွက်သို့ ကျွဲ၊ နွား ခွာနာလျှာနာရောဂါ ကာကွယ်ဆေးများ သွားရောက်ထိုးနှံပေးခဲ့ပြီး ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ကျွဲ၊ နွားမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မိမိတို့၏ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေး များ ထိုးနှံလိုပါက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ချိတ်ဆက်ကာ စာရင်း ပေးသွင်းထိုးနှံနိုင်ကြောင်း ဇမ္ဗူသီရိမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)