ခိုလမ် ဇွန် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Booster)ထပ်ဆောင်းထိုးနှံပေးခြင်းအား ယနေ့နံနက် ၈ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ခိုလမ်မြို့အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းစေရန်အတွက် ထပ်ဆောင်းဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။ ကာကွယ်ဆေးမထိုးနှံမှီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးထိုးနှံပြီးပါက နာရီဝက် စောင့်ဆိုင်းစေခြင်းများကို စနစ်တကျ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား ခိုလမ်မြို့ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
နေလင်းထွန်း(ပြန်/ဆက်)