မောက်မယ် ဇွန် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ကျောင်းသား/ ကျောင်းသူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို သိရှိနိုင်စေရန်ရည်ရွယ်၍ စျေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)၌ ယမန်နေ့နေ့လယ်၂ နာရီက ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့မရဲစခန်းမှူး ဒုရဲမှူးမင်းနိုင်က ကျောင်းသား/ကျောင်းသူများ စက်ဘီး၊ ဆိုင်ကယ်စီးရာတွင် ဆိုင်ကယ်ဦးထုတ်စနစ်တကျဆောင်းကြရန်၊ မေးသိုင်းကြိုးတပ်ဆင်ရန်၊ ဆိုင်ကယ်နောက်ကြည့်မှန်တပ်ဆင်ကြရန်၊ လက်ယာဘက်ကပ်စီးကြရန်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများဖြစ်သည့်ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး သတိပေးခြင်းလမ်းညွှန်များကို မဖြစ်မနေလိုက်နာကြရန်၊ ယာဉ်တိုက်မှုဖြစ်ပါက ဥပဒေနှင့်အညီ ပြစ်မှုပြစ်ဒဏ်နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာသိရှိရေးအတွက် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)