မိုင်းရယ် ဇွန် ၂၄
မိုင်းရယ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် ပန်းချီ၊ စာစီစာကုံး၊ ဆေးရောင်ခြယ်ပြိုင်ပွဲ များဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နေ့လယ်(၁) နာရီက မိုင်းရယ်မြို့ အ.ထ.က (မိုင်းရယ်) ရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က အဖွင့်အမှာစကားပြော ကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မျိုးသန့်က မူးယစ်ဆေးဝါးအန္တရာယ် အကြောင်း သိကောင်းစရာများကို လည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဌ ဒေါ်တင်ထွေးရီက ရှောင်ရှားသင့်သည့် မူးယစ်ဆေးဝါးများခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ် ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာလာက ကျောင်းသားလူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဟောပြောခဲ့ပါသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် ပန်းချီ၊ စာစီစာကုံး၊ ဆေးရောင်ခြယ်ပြိုင်ပွဲများတွင် မြို့နယ်အဆင့်ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပါသည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်