ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် လေဘေးသင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ပေါက်တော ဇွန် ၂၄

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် လေဘေးသင့် ပြန်လည် ထူထောင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဗိုလ်မှူးချုပ် ဆန်နီအုန်းက မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ လူနေအိမ်များနှင့် အခြား အဆောက်အအုံများ ပျက်စီးခဲ့ရာ ပြန်လည်ပြုပြင်ထူထောင်နိုင်ရေးအတွက် တည်ဆောက်ရေး ပစ္စည်းများ၊ ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိပါက ပျက်စီးသည့် ဒေသများသို့ မြန်မြန်ဆန်ဆန် ရောက်ရှိဆောင်ရွက်ရန်၊ ဘာသာရေးအဆောက်အအုံများနှင့် စာသင်ကျောင်းများကို ဦးစားပေး ဆောင်ရွက်ကြရန်နှင့် ကယ်ဆယ်ရေးပစ္စည်းများအာား စာရင်းဇယာများ တိကျမှန်ကန်စွာ ပြုစုဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။

ယင်းနောက် မြို့နယ်အဆင့် ဌာနဆိုင်ရာများကလည်းမုန်တိုင်း​ကြောင့် ပျက်စီးခဲ့ကြသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု အခြေအားလည်းကောင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက မိုခါ မုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့် အဆောက်အအုံများ ဆောက်လုပ်ပြီးစီးမှု၊ ဆောက်လုပ်ဆဲအခြေအနေနှင့် မုန်တိုင်းသင့် ရပ်ကွက် ကျေးရွာများမှ ဒေသခံပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်နိုင်မှုများအား ရှင်းလင်း တင်ပြရာ တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည့်များကို ဗိုလ်မှူးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)