တောင်ကုတ် ဇွန် ၂၄
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌(၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကုတ်မြို့နယ် အစိုးရအမှုထမ်းများ သမဝါယမအသင်းမှ အသင်းသားများသို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် စုဆောင်းငွေအပေါ်အတိုးများပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အစိုးရအမှုထမ်းများသမဝါယမအသင်းရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မောင်ရီ နှင့် အစိုးရအမှုထမ်းများ ငွေစုငွေချေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးစံရွှေသာတို့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အသင်းသားများ၏ စုဆောင်းငွေများအပေါ် အတိုးများပေးအပ်ရသည့်အကြောင်းများကို ရှင်းလင်းပြောကြားပြီးနောက် ဦးစီးအရာရှိ ဦးတင်မောင်ရီ၊ အသင်းဥက္ကဋ္ဌ ဦးစံရွှေသာနှင့် ဒါရိုက်တာအဖွဲ့ဝင်များက အသင်းသား ၂၇၁၀ ဦးတို့၏ စုဆောင်းငွေမှရရှိသည့် အတိုးများကို ပေးအပ်ခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာန မှသိရ သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်သမဝါယဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မောင်ရီနှင့်ဝန်ထမ်းများ၊ အစိုးရအမှုထမ်းများ ငွေစုငွေချေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးစံရွှေသာနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ အသင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)