မိုင်းရှူးမြို့နယ်တွင် (Biometric)အချက်အလက်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်

မိုင်းရှူး ဇွန် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းမြင့်ဝင်းနှင့် ဝန်ထမ်းများက (Biometric) အချက်အလက် စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီခွဲ အချိန်က အမှတ်(၂)ရပ်ကွက် ဘုံခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာရုံးများမှ နိုင်ငံ့ဝန်ထမ်းများနှင့် ၄င်းတို့၏မိသားစုဝင်များ၊ တပ်ရင်းတပ်ဖွဲ့များမှတပ်ဖွဲ့ဝင်များနှင့် မိသားစုများ၊ အခြေခံပညာကျောင်းများရှိ အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား (Biometric) အချက်အလက်များကောက်ယူခြင်းကို နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး၊ ဂဏန်း(၁၀)လုံး ပါဝင်သည့် Unique ID နံပါတ်ပါကတ်ပြားများကို အချိန်နှင့်တပြေးညီ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)