မိုင်းကိုင် ဇွန် ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် ဥပဒေရုံး၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့မနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (မိုင်းကိုင်)နှင့် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ (မိုင်းကိုင်) သို့ ကွင်းဆင်း၍ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နယ်လှည့်ကွင်းဆင်းဟောပြော မှုများဆောင်ရွက်ခဲ့သည်။
နယ်လှည့်ကွင်းဆင်းဟောပြောပွဲတွင် မြိုနယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်း၊ မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းထက်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦး တို့က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်တိုက်ဖျက် လက်ချင်းဆက်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများ ဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ယနေ့လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ် စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောဆွေးနွေးကြရာ တက်ရောက်လာ ကြသော ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ ကြသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှထုတ်ဝေသော အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို တာဝန်ရှိသူများက ကျောင်းအုပ်ကြီး၊ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
ချော(မိုင်းကိုင်)