ဟို ပန်ဇွန် ၂၄
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန် ခရိုင်၊ ဟိုပန်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ရာ ဟိုပန်မြို့နယ်တွင်းရှိ အခြေခံ ပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲတွင် “မူးယစ်ဆေးရန် တို့တွန်းလှန် ကြိုးစားတိုက်ဖျက်နိုင်ငံအတွက်” ၊ “မူးယစ် ကင်းစင် တို့ပြည်တခွင် သာယာလှပ လူမှုဘဝ”၊ “ငါတို့အနာဂတ်လှပဖို့ မူးယစ်ကင်းစင်
ကမ္ယာဖန်တီးမှု”၊ “မျိုးဆက်သစ်များ တိုးတက်ဖို့ မူးယစ်ဆေးမှန်သမျှ တိုက်ထုတ်စို့” ၊ “ လုံခြုံစိတ်ချ ပြည်သူ့ဘဝ မူးယစ်မှန်သမျှ တိုက်ဖျက်ကြ ” ၊ “ လူသားချင်းစာနာ ကျန်းမာဖို့ စိန်ခေါ်မူးယစ် တိုက်ဖျက်စို့ ” ခေါင်းစဉ်များဖြင့် စာစီစာကုံးပြိုင်ပွဲတွင် (၂၆)ဦး၊ ကဗျာပြိုင်ပွဲတွင် (၄၈)ဦး၊ ပန်းချီပြိုင်ပွဲတွင် (၅၅)ဦး ၊ စုစုပေါင်း(၁၂၉)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်ကလေး၊အမျိုးသမီးရေးရာအဖွဲ့တို့မှ ကြည့်ရှုအားပေးခဲ့ကြပြီး
ဆုရရှိသူများကို ဇွန်လ ၂၆ ရက်နေ့အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)