တာလေ ဇွန် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီး ဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဇွန် ၂၁ နှင့် ၂၂ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲများတွင် ''မူးယစ်ဟူသမျှ ဆန့်ကျင်ကြ'' ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲ၌ ပထဆုနှင့် ဒုတိယဆုကို အထက(တာလေ)မှ Grade-8 ကျောင်းသူ မဆုရတီနှင့် မအိအိဝင်းရွှေကလည်းကောင်း၊ တတိယဆု၊ နှစ်သိမ့်ဆု (၁)နှင့် နှစ်သိမ့်ဆု(၂)ကို အလက(ပါလိုင်)မှ Grade-9 ကျောင်းသား မောင်စိုင်းလင်ခမ်း၊ ကျောင်းသူ မနန်းကျန်တစ်နှင့် Grade-8 ကျောင်းသား မောင်ကျတဲ့နဲ့တို့က လည်းကောင်းရရှိပြီး ''လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်'' ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုကို အ.ထ.က (တာလေ)မှ Grade-8 ကျောင်းသူ မအေးအေးအောင်ကလည်းကောင်း၊ ဒုတိယဆုနှင့် တတိယဆုကို အလက(ပါလိုင်)မှ Grade-9 ကျောင်းသူ မဘူးလာနှင့် မဘူးဆေတို့ကလည်းကောင်း၊ နှစ်သိမ့်ဆု (၁)နှင့် နှစ်သိမ့်ဆု (၂)ကို အ.ထ.က (တာလေ)မှ Grade-9 ကျောင်းသူ မမေမဉ္ဇူဟန်နှင့် Grade-6 ကျောင်းသူ မသွန်းဝတီမီုးတို့ကလည်းကောင်း အသီးသီးရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဉီးအောင်ပြည့်ဖြိုး၊ တာလေနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်စိန်ပိုနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာကြီးများနှင့် အာခါတိုင်းရင်းသားလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတို့က ဂုဏ်ပြု ဆုလက်ဆောင်နှင့် ဆုတော်ငွေပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲဝင်ကလေးများအားလုံးကို ဗလာစာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)