မြဆည်းဆာနှင့် နဂါးမောက်ဆရာတော်ဘဒ္ဒန္တနရိန္ဒ၏ သက်တော်(၄၅)နှစ်ပြည့် ဝိဇာတမွေးနေ့ မင်္ဂလာအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

မော်လမြိုင် ဇွန် ၂၄

လေးကျွန်းသစ္စာရှင် နဂါးမောက်စေတီ တော်မြတ်ကြီး၌ကျင်းပသည့် မြဆည်းဆာနှင့် နဂါးမောက်ဆရာတော်ဘဒ္ဒန္တနရိန္ဒ၏ သက်တော်(၄၅)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာနှင့် ဆင်တော်မင်္ဂလာနှစ်စင်း၏ ကာယအားဖြင့် ရှာဖွေရရှိသော အလှူတော်ငွေအား နဂါးမောက် စေတီတော်မြတ်ကြီးထံ အပ်နှင်းလှူဒါန်းပွဲမင်္ဂလာအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ  တက်ရောက်ခဲ့ပြီး ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ မြစေတီ စာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယက ဆရာတော် ဝိနယပါဠိပါရဂူ (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ သီလတော်များခံ ယူဆောက်တည်ကာ သံဃာတော် အရှင် သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ် တရားတော်များ နာယူကြည်ညို ခဲ့ကြသည်။

ထို့နောက် ဆင်တော်မင်္ဂလာနှစ်စင်းမှ လှူဒါန်းသော အလှူတော်ငွေကျပ်သိန်း(၇၀)အား ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဦးလှထွန်းတို့က လက်ခံရယူခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အလှူရှင်များက လှူဖွယ် ဝတ္ထုပစ္စည်းများဆက်ကပ် လှူဒါန်းကာ မြစေတီ စာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယက ဆရာတော် ဝိနယပါဠိပါရဂူ (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညိုပြီး ရေးစက်သွန်းချ အမျှပေးဝေကာ  အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍  ရုပ်သိမ်းခဲ့ပြီး ဆရာတော်၊ သံဃာတော်၊ အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)