ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ဘက်စုံထူးချွန်လူရည်ချွန် မထက်ဦးရွှေရည်၏ ရင်တွင်းစကားသံများ

ဒဂုံဆိပ်ကမ်း ဇွန် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အနေဖြင့် ဘက်စုံထူးချွန် လူရည်ချွန်ကျောင်းသူတစ်ဦး စိစစ်ရွေးချယ်ခံရတယ်လို့ သိရပါတယ်။ အဆိုပါကျောင်းသူမှာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ Grade(11)မှ မထက်ဦးရွှေရည် ဖြစ်ပါတယ်။  ထိုကဲ့သို့ ဘက်စုံထူးချွန်လူရည်ချွန် ကျောင်းသူ၏ ရင်တွင်းစကားသံများကို ယခုလို တွေ့ဆုံမေးမြန်းထားပါတယ်။

သမီးနာမည်ကတော့ မထက်ဦးရွှေရည် ဖြစ်ပါတယ်။ ဒီနှစ်မှာ သမီးက အ.ထ.က(၁)မှာ Grade-11 ကို တက်ရောက်ခဲ့ပါတယ်၊ သမီးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ လူရည်ချွန်ကျောင်းသူအဖြစ် ရွေးချယ်ခြင်းကိုခံရပါတယ်၊ လူရည်ချွန်ဆုကိုရချင်တဲ့အတွက် ကိုယ့်ရဲ့ကြိုးစားမှုနဲ့ ဆရာ၊ ဆရာမတွေရဲ့သင်ကြားပြသမှုတွေနဲ့ ဖြေဆိုခဲ့တာပါ၊ လူရည်ချွန်ဆုရဖို့အတွက် မိဘနှင့် ဆရာ၊ဆရာမများက လိုအပ်ချက်တွေကို ကူညီပံ့ပိုးပေးခဲ့ကြပါသည်။

လူရည်ချွန် တစ်ယောက်ဖြစ်လာဖို့ဆိုရင် ကျောင်းဘာသာရပ်ဖြစ်တဲ့ မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာဘာသာရပ်တွေအပြင် အထွေထွေဗဟုသုတဘာသာရပ်တွေကို လေ့လာခဲ့ရပါတယ်၊ အခက်အခဲကတော့ အားကစားပါဘဲ အိမ်မှာနေတဲ့ သာမန်ဘဲ နေတဲ့သူဆိုတေ့ာ အားကစားလုပ်ဖို့ အခက်အခဲဖြစ်ခဲ့ပါတယ်။ ဆရာ၊ ဆရာမများ၊ နည်းပြများရဲ့အားပေးမှုတွေကြောင့်  အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့ပါတယ်၊ သမီးရဲ့ရည်မှန်းချက်ပန်းတိုင်ကတော့ ဆရာဝန်တစ်ယောက် ဖြစ်ဖို့ပါဘဲ၊ အခက်အခဲဘယ်လောက်ဘဲရှိပါစေ ကြိုးစားသွားမှာဖြစ်ပါတယ်။

လူရည်ချွန်ကျောင်းသားတွေကို နိုင်ငံတော်က (၁၀)ရက်တာခရီးစဥ်ကို လူရည်ချွန်ကျောင်းသားအားလုံးကို ပို့ပေးခဲ့ပါတယ်၊ သမီးတို့ Grade-11 ကိုတော့ ငွေဆောင်ကို ပို့ပေးခဲ့ပါတယ်၊ သွားရတဲ့ ခရီးစဥ်တစ်လျှောက်တွင် တိုင်းဒေသကြီးအသီးသီးက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်၊ တိုင်းဒေသကြီး အသီးသီးက သူငယ်ချင်းတွေနဲ့ ခင်မင်ရင်းနှီးခွင့်ရသည့်အတွက် အရမ်းကို ပျော်ရွှင်စရာကောင်းခဲ့ပါတယ်။ ငွေဆောင်ရောက်တဲ့အခါမှာလည်း ဟာလဝါလုပ်ငန်း၊ ပုသိမ်ထီးလုပ်ငန်းတွေကို လေ့လာခွင့်ရခဲ့တဲ့အတွက် အမှတ်တရဖြစ်ခဲ့ပါတယ်ရှင်။

ပေးပို့သူ-အေးမဉ္ဇူ