ရသေ့တောင် မြို့နယ်တွင်မိဘပြည်သူများအတွက် လိုအပ်တဲ့အိမ်သုံးပစ္စည်းများအား ATOM နှင့် We Love Rakhine အဖွဲ့တို့မှပူ‌ ပေါင်း၍ပေးအပ်လှူဒါန်းမှုကို ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး

ရသေ့တောင် ဇွန် ၂၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့တွင် ယနေ့မွန်းလွဲပိုင်းက ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့် တာဝန်ရှိသူများသည် အောင်မြေဗောဓိသာသနာ့ရိပ်သာ အလိုတော်ပြည့်ကျောင်းတိုင်အတွင်း ကျင်းပသော ATOM ရဲ့(၁)နှစ်ပြည့် အထိမ်းအမှတ် လှူဒါန်းမှုအနေနဲ့ မိုခါဆိုက်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသည့် ရသေ့တောင်မြို့နယ်ရှိ မိဘပြည်သူများအတွက် လိုအပ်သော အမိုးအကာနှင့်ရိက္ခာစား‌ သောက်ဖွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ဖြစ်သော ATOM နှင့်  We Love Rakhine အဖွဲ့မှပေးအပ်လှူဒါန်းမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ATOM နှင့် We Love Rakhine အဖွဲ့သည် မိုခါဆိုက်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသည့် ရသေ့တောင်မြို့နယ်အတွင်းရှိမြို့ပေါ်ရပ်ကွက် (၂) ခုနှင့် ကျေးရွာ (၃) ရွာမှ အိမ်ထောင်စုပေါင်း (၁၂၀) အား ဆန်၊ ပဲနီလေးနှင့် ရေသန့်စင်ဆေးပြား အပါအဝင် နေအိမ်များ ပြုပြင်ဆောက်လုပ်ရေးအတွက် တစ်အိမ်ထောင်လျှင်(၀.၄၂mm) အထူရှိသောသွပ်ပြား အချပ် (၃၀) ၊ (၂၄) ပေ ပတ်လည် တာပေါ်လင်၊ မိုးသံ(၁)ဖာနှင့် သွပ်ကြိုးများကို လှူဒါန်းကူညီထောက်ပံ့ပေးသွားကြောင်း သိရသည်။

ရသေ့တောင် (ပြန်/ဆက်)