ထန်းတပင်မြို့နယ်တွင် မိုးရာသီတိရစ္ဆာန်အစာပင် နေပီယာမြက်စိုက်ပျိုး

ထန်းတပင်(ရန်ကုန်) ဇွန် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၃ခုနှစ်၊ မိုးရာသီ တိရစ္ဆာန်အစာ နေပီယာမြက် စိုက်ပျိုးခြင်း အခမ်းအနားကို ဇွန်လ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ကတွယ်ကျေးရွာရှိ နွားမွေးမြူရေးတောင်သူ ဦးကျော်လှ၏ မြေနေရာတွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာသက်နိုင်ဦးက မွေးမြူသူတောင်သူများအနေဖြင့် တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းဖြင့် မိရိုးဖလာ လွှတ်ကျောင်းစနစ်မှ ရိတ်ကျွေးစနစ်ဖွံ့ဖြိုးလာစေမည်ဖြစ်ပြီး အဟာရတန်ဖိုးမြင့်မားသော မြက်မျိုးများ စိုက်ပျိုးခြင်းဖြင့် တိရစ္ဆာန်များကြီးထွားနှုန်းမြင့်မားလာကာ ထုတ်လုပ်မှုများ ကောင်းမွန်ခြင်း၊ အစာဖိုးကုန်ကျစရိတ်များ သက်သာခြင်းတို့ကြောင့်လည်း မွေးမြူသူများအနေဖြင့် တိရစ္ဆာန်အစာပင်စိုက်ပျိုးမှု အလေ့အထများ ရှိလာစေမည်ဖြစ်သလို မွေးမြူရေး လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

တိရစ္ဆာန်အစာ နေပီယာမြက် စိုက်ပျိုးပွဲသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာသက်နိုင်ဦး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)