ဇမ္ဗူသီရိ ဇွန် ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ထိန်းချုပ်ရေး စီမံချက်အဖြစ် ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးလျက် ရှိသည်။
ဇမ္ဗူသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးထက်ထက်သာနှင့် ဝန်ထမ်းများ၊ အခြေခံ တိရိစ္ဆာန်ကျန်းမာရေးလုပ်သားများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်စုများသို့ ကျွဲ၊ နွား ခွာနာ လျှာနာရောဂါ ကာကွယ်ဆေးများ အခမဲ့ သွားရောက်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အောင်ဇမ္ဗူရပ်ကွက်သို့ ကျွဲ၊ နွား ခွာနာလျှာနာရောဂါကာကွယ်ဆေးများ သွားရောက် ထိုးနှံပေးခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် မိမိတို့၏ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးများ ထိုးနှံလိုပါက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ချိတ်ဆက်ကာ စာရင်းပေးသွင်းထိုးနှံနိုင်ကြောင်း ဇမ္ဗူသီရိမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)