မင်းပြား ဇွန် ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး နွေရာသီတွင် အရိပ်ရရှိရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၂ ရက် နံနက် ၉ နာရီအချိန်က အဆိုပါသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
သစ်ပင်စိုက်ပျိုးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူးဦးလှထွန်း မင်းပြားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မင်းပြားမြို့နယ် တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးကျော်ကျော်စိုးနှင့် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်မီမီစံနှင့် ဒုကျောင်းအုပ်များ၊ သင်တန်းနည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သင်တန်းသူ စုစုပေါင်းအင်အား (၁၅၀)ဦး တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင် (၁၅၀)၊ ပျဉ်းကတိုးပင် (၅၀)၊ မန်ဂျန်ရှားပင် (၂၀၀)၊ ရေတမာပင် (၁၀၀)အား မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် နေရာများ၌ ပျော်ရွှင်စွာအစားထိုး စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သိန်းနုအောင်