ဘူးသီးတောင် ဇွန် ၂၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယ ဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ဘူးသီးတောင်မြို့ ဦးဥတ္တမခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊စာရေးများနှင့်တွေ့ဆုံပြီး ပြန်လည်ထူထောင်လုပ်ငန်းများဆောင်ရွက်နေမှုအား လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းက ရခိုင်ပြည်နယ်အတွင်း အလွန့်အလွန် အားကောင်းသော မိုခါဆိုင်ကလုန်မုန်းတိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် မိုခါမုန်တိုင်းကာလအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်း များဆောင် ရွက်ရန်ရောက်ရှိလာမှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်မှုနှင့် မြို့သန့်ရှင်းသာယာလှပရေး ဝိုင်းဝန်းဆောင်ရွက်နေမှုများ၊ ဇွန်လ(၁)ရက်နေ့မှ ကျောင်းသား၊ ကျောင်းသူကလေးများ အမိုးအကာအောက် လုံခြုံစွာဖြင့် ပညာသင်ကြားခွင့်ရရှိရေး ဆောင်ရွက်ပေးခဲ့မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုအခြေအနေများ၊ မိုခါမုန်တိုင်းကြောင့် လေသင့်ပြည်သူများကို ထောက်ပံ့ပစ္စည်းများ အမှန်တကယ် လက်ဝယ် အရောက် ဖြန့်ဝေထောက်ပံ့ပေးနိုင်ရေး၊ အိမ်ထောင်စုတစ်စုချင်းအလိုက် လက်မှတ်ရေးထိုးမှု မှတ်တမ်းထားရှိရေးဆိုင်ရာကိစ္စရပ်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ဘုန်းတော်ကြီး ကျောင်းများ၊ စာသင်ကျောင်းများ၊ ကျန်းမာရေးဌာနခွဲများရှိ ပျက်စီးအဆောက်အဦ ပြင်ဆင်ပြီးစီးမှုများ၊ Cyclone Shelter ဆောက်လုပ်ထားရှိမှုများနှင့် ဆောက်လုပ်ရန် သင့်တော်မည့် နေရာများရွေးချယ်ရေး၊ မိုးစပါးအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကျေးရွာများအလိုက် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များအား ချပြ ရှင်းလင်းပြီး ရပ်ကွက်/ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးများ၊ စာရေးများက ရပ်ကွက်/ ကျေးရွာများအလိုက်ဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့ တောင်ရပ်ကွက်ရှိ မြစိမ်းရောင်(ကမ္မဌာန်းဝိပ္ပသနာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တအရိယဝံသအားဖူးမြော်ကာ အဆိုပါကျောင်း၌ အနယ်နယ် အရပ်ရပ်မှ တရားကျင့်ကြံအားထုတ်နေကြသည့် သီလရှင်(၁၃)ပါးတို့အား ဆွမ်းဆန်၊ ဆီ၊ ငါးသေတ္တာ၊ Gas မီးဖိုများ၊ ခေါက်ဆွဲထုတ်များနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကာ အဆိုပါလှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)