ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် မုန်တိုင်းဘေးဒဏ်ခံခဲ့ရသော ဌာနဆိုင်ရာများနှင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

မောင်တော  ဇွန် ၂၄

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည်  မုန်တိုင်းဘေးဒဏ်ခံခဲ့ရသော ဌာနဆိုင်ရာများနှင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့ နေ့လယ် ၁ နာရီအချိန် သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်‌ဆွေက  မိုခါမုန်တိုင်းဘေးကြောင့် ဒေသအတွင်း ပျက်စီးမှုများရှိခဲ့သဖြင့်  ပျက်စီးခဲ့သောဒေသများသို့ နိုင်ငံတော်မှ ထောက်ပံ့ပစ္စည်းများပေးအပ်မှုနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော ရပ်ကွက်ကျေးရွာအုပ်စုများရှိ ပြည်သူများနှင့်  ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိူးသမီးရေးရာနှင့် မိခင်ကလေးစောင့်ရှောက်ရေး အသင်းတို့အား  ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်‌ဆွေ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ  ဦးနေဦး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင် တို့က ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ဂတ်(စ်)အိုးနှင့် ဂတ်(စ်)ဗူးတို့အား ထောက်ပံ့ပေးအပ်ရာ  သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။ ထိုသို့ ထောက်ပံ့ပေးအပ် ရာတွင် ဆန် ၁၁၁၅ အိတ် ၊ ဆီ ၁၃၁၀ ဗူး၊ ခေါက်ဆွဲခြောက် ၂၀၄၂၃ ထုတ် ၊ ဂတ်(စ်)မီးဖို ၁၇၅ ခု ၊ ဂတ်(စ်)ဘူး ၇၀၀ ဗူး တို့ဖြစ်ကြောင်း သိရသည်။ 

အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ စုစုပေါင်းအင်အား ၂၂၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)