ပုဇွန်တောင် ဇွန် ၂၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းသား/ ကျောင်းသူလေးများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် “ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်” (နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး(၁/၂၀၂၁)၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)၊ မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်၊ မူးယစ်ကိုပစ် ပန်းတိုင်သစ်၊ စိတ်သစ် လူသစ်ဘဝသစ်၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းရင်း၊ မူးယစ်ဆေးဝါး တို့ရှောင်ရှား၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ စသည့်အကြောင်းအရာများ ပါရှိသည်။
ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ ရရှိနိုင်စေရန် နေ့ကြီးနေ့မြတ်များတွင် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်း၊ သုတ/ရသ စာအုပ်များ အခမဲ့ငှားရမ်းပေးခြင်း၊ အသိပညာပေး Talk Show များ ပြုလုပ်ဆောင်ရွက်ခြင်း၊ ဟောပြောပွဲနှင့် ပြပွဲ/ ပြိုင်ပွဲများ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဟန်စုယဉ်