သာ​ကေတမြို့နယ်တွင် မိုင်းအသိ၊ မိုင်းသတိအသိပညာပေး ဟောပြောပွဲကျင်းပ

သာကေတ  ဇွန်  ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အမှတ်(၂)နည်းဗျူဟာ၊အမှတ်(၅)လေကြောင်းရန် စက်ယန္တရား တပ်ရင်းမှ မိုင်းအသိ၊ မိုင်းသတိ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်‌။

အဆိုပါအသိပညာပေး ဟောပြောပွဲတွင် အမှတ်(၂)နည်းဗျူဟာ၊ အမှတ်(၅)လေကြောင်းရန် စက်ယန္တယားတပ်ရင်းမှ ဗိုလ်ကြီးဟိန်းခန့်ကျော်နှင့် အဖွဲ့သည် လက်လုပ်မိုင်း/ချိန်ကိုက်မိုင်း၊ အဝေးထိန်းမိုင်းများအကြောင်း ပညာပေးဟောပြောခဲ့ကာ တက်ရောက်လာသူများမှ သိရှိလိုသည့် အချက်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါဟောပြောပွဲသို့ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်ထွန်းသာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သူရိန်ဇော်၊ အဖွဲ့ဝင်(၂)ဦးညွှန့်ဝေ၊ အဖွဲ့ဝင်(၃)လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာမြို့နယ်ဦးစီးမှူးဦးမင်းဦး၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွှန့်ဝင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ဆယ်အိမ်မှူးများ စုစုပေါင်း(၁၂၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)