ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ဒဂုံမြောက်  ဇွန် 

ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဦးစီးဌာနမှထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်()အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ‌ကျောင်းသား/ကျောင်းသူများအား အဆိုပါ “သတင်းစကား” လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးသည်။

 အဆိုပါ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁)၌ ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေး အသွင်တိုက်ဖျက်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမှုဝါဒ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာ သင့်သည့် အချက်များ၊ စာရေးဆရာ နုခန့်ယဉ်(ရစ်ကန်ကြီး) ရေးသားသည့် “မူးယစ်ဆေးဝါး တို့ရှောင်ရှားကဗျာနှင့် မူးယစ်ဆေးဝါး အသိပညာပေး ကာတွန်းများ စသည်ဖြင့် ဝေဝေ ဆာဆာဖော်ပြပါရှိကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မှုးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “သတင်းစကား”လက်ကမ်းစာစောင်များကို အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းများရှိ ကျောင်းသားကျောင်းသူများထံ လက်ဝယ်အရောက် ဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ