သထုံ အောက်တိုဘာ ၉
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ပူးပေါင်းကာ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်မှ ထုတ်ဝေသည့်လက်ကမ်းစာစောင်များကို ယနေ့ နံနက်(၉) နာရီ အချိန်ခန့်က ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့သည်။
သထုံမြို့နယ်အတွင်းရှိ ဈေးများ၊ ဆိုင်ကယ်တက္ကစီဂိတ်များ၊ အများပြည်သူအသုံးပြုရာ နေရာ များနှင့် ရပ်ကွက်များအတွင်းလှည့်လည်ကာ ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် လက်ကမ်း စာစောင်များကို ဝေငှပြီး ရပ်ကွက်ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင် စာရင်း သွားရောက်ကြည့်ရှုရေး နှိုးဆော်တိုက်တွန်းခဲ့ကြသည်။
အဆိုပါလက်ကမ်းစာစောင်တွင် သင့်အမည် မဲဆန္ဒရှင်စာရင်းတွင် ပါ/မပါ စစ်ဆေးပြီးပြီလား ခေါင်းစဉ်ဖြင့် မဲဆန္ဒရှင်များ စာရင်းကို အလွယ်တကူရှာဖွေနိုင်ရေး အကြံပြုချက်များ၊ Online မှ မဲစာရင်းများ စစ်ဆေးရန်နည်းလမ်းများ၊ ရွေးကောက်ပွဲ၌ ကိုဗစ်၁၉ ရောဂါဘေးကင်း လုံခြုံရေး လမ်းညွှန်ချက်များ စသည့်အချက်များ ပါဝင်ကြောင်းသိရှိရသည်။
ခရိုင်(ပြန်/ဆက်)