နမ္မတူ ဇွန် ၂၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ မိုးရာသီ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ် နေပီယာ မြက်စိုက်ပျိုးခြင်းကို ဇွန်လ (၂၂)ရက်နေ့ နေ့လည် (၂)နာရီအချိန်က ခိုဖိတ်ကျေးရွာ တောင်သူ ဦးကျော်စိန်၏ ယာမြေ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၊ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ညီညီသန့်၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဌေးနှင့် တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ မိုးရာသီ တိရစ္ဆာန် အစာပင် စိုက်ပျိုးခြင်းရက်သတ္တပတ်အစီအစဉ်အဖြစ် တောင်သူဦးကျော်စိန်၏ ယာမြေ တစ်ဧက၌ တိရစ္ဆာန်အစာပင် နေပီယာမြက် လက်တွေ့စုပေါင်းစိုက်ပျိုး ကြသည်။
၂၀၂၃ ခုနှစ်၊ မိုးရာသီ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းရက်သတ္တပတ်အစီအစဉ်အဖြစ် ဇွန်လ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး စံပြစိုက်ခင်းအဖြစ် အခြားတောင်သူများ လေ့လာနိုင်စေရန်၊ အရည်အသွေးမြင့်မြက်အမျိုးအစားဖြစ်၍ ကျွဲ၊ နွား၊ ဆိတ်၊ ဝက်၊ ကြက်များကို ကျွေးမွေးနိုင်စေရန်၊ စားကျက်စိုက်ပျိုးခြင်းဖြင့် (ခြံလှောင်+လွှတ်ကျောင်း) စနစ်ဖြစ်ပေါ်နိုင်စေရန်၊ အသားဓာတ်ပါဝင်မှုအားကောင်းသောမြက်များ စိုက်ပျိုးကျွေးမွေးခြင်းဖြင့် ကျွဲ၊ နွား ဖွံ့ဖြိုးထုတ်လုပ်မှု အားကောင်းလာစေပြီး စီးပွားဖြစ် စိုက်ပျိုးမွေးမြူမှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ကျော်ညီညီသန့်ထံက သိရသည်။
လူမော် (ပြန်/ဆက်)