ကျောက်တလုံးကြီး အောက်တိုဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ နောင်ကားကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရာတွင် ကျောက်တလုံးကြီးမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့နံနက်၁၁နာရီခန့်က နောင်းကားဈေးအနီးပြည်ထောင်စုကြီးလမ်းမတွင် သွားလာသည့် ပြည်သူများနှင့် ဒေသခံပြည်သူများအား နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးဦးစောချမ်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ နောင်ကားကျေးလက်ကျန်းမာရေးဌာနဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများနှာခေါင်းစည်း(Mask) တပ်ဆင်သွားလာခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ လမ်းညွန်ချက်များ၊ စည်းကမ်းချက်များနှင့်အညီ ပြည်သူများ လိုက်နာနေထိုင်သွားလာမှု ရှိစေရေး အတွက်ကျန်းမာရေး အသိပညာပေးပြီး နှာခေါင်းစည်း(Mask)မတပ်ဆင်သူများအား အရေးယူ ဆောင်ရွက်သည့် အနေဖြင့် ဒဏ်ငွေ(၂၀၀)ကျပ်ပေးဆောင်စေပြီး ခေါင်းစည်း(Mask)ကို ချက်ချင်း ဝယ်ယူ
တပ်ဆင်စေခဲ့ကြောင်း သိရသည်။
မြဝင်း(ပြန်/ဆက်)