အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်

မံစီ ဇွန် ၂၃

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဇွန် ၂၃ ရက် နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပဒေရုံးတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုအသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြည်သူများ၊ ကျောင်းသားကျောင်းသူ လူငယ်များ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကိုသိရှိပြီး မူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးစေရန်နှင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများအသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် ပြုလုပ်လျက်ရှိနေခြင်းဖြစ်ပြီး အဆိုပါအသိပညာပေး Talk Show ဆွေးနွေးပွဲကို အွန်လိုင်းလူမှုကွန်ယက် စာမျက်နှာများမှတဆင့် ထုတ်လွင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဦးက ပြောကြားသည်။

အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် မြို့နယ်ပဒေရုံးမှ မြို့နယ်ပဒေအရာရှိ ဦးရဲမြင့်ခိုင်က မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်ပေါ်လာသည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးနှင့်သက်ဆိုင်သည့် ပဒေအ‌ကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)