မံစီ ဇွန် ၂၃
ကချင်ပြည်နယ် ဗန်းမော်ခရိုင်မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဇွန် ၂၃ ရက် နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ငှက်ဖျားရောဂါကြိုတင်ကာကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြည်သူများအနေဖြင့် ငှက်ဖျားရောဂါ အန္တရယ်ကို ကာကွယ်ရှောင်ရှားတတ်စေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် ပြုလုပ်လျက်ရှိနေခြင်းဖြစ်ပြီး အဆိုပါအသိပညာပေး Talk Show ဆွေးနွေးပွဲကို အွန်လိုင်းလူမှုကွန်ယက် စာမျက်နှာများမှတဆင့် ထုတ်လွင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဦးက ပြောကြားသည်။
အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် မံစီမြို့ပြည်သူ့ကျန်းမာရေးဦးစီဌာနမှ ကျန်းမာရေးကြီးကြပ်-၂ ဒေါ်ပန်းဖြူဖွေးက ငှက်ဖျားရောဂါ အန္တရာယ်အကြောင်းအရာများ၊ ရောဂါနှင့် ကြုံတွေ့လာပါက လိုက်နာဆောင်ရွက်ရမည့်အကြောင်းအရာများ၊ ကြိုတင်ကာကွယ်ဆောင်ရွက် လိုက်နာရမည့် အကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)