သံဖြူဇရပ် ဇွန် ၂၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဥ်ဖြင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ထူးချွန် စွာအောင်မြင်ခဲ့သောကျောင်းသားတစ်ဦးနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် တစ်ဦးတို့အားဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ရှေ့ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက်၂၀၂၃ခု နှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဝိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံးအမှတ်အများ ဆုံး(၅၃၈)မှတ်ဖြင့် ပထမအဆင့်ရရှိသူ ခြောက်ဘာသာ ဂုဏ်ထူးရှင် ဝဲကလောင်းကျေးရွာနေ မောင်အောင်ဇော်အား သံဖြူဇရပ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်မှဂုဏ်ပြုငွေ ကျပ်(၁၅၀၀၀၀၀) ပေးအပ်ချီးမြှင့်ပြီး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမာက ဂုဏ်ပြုပစ္စည်းပေးအပ်ခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အဖြစ် ကျင်းပသည့် အင်္ဂလိပ်စာ စာစီစာကုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသူ သံဖြူဇရပ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် ကျိုက္ခမီမြို့နေ မဇွန်ပွင့်ဖြူအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်သန်းက ဂုဏ်ပြုငွေကျပ် (၅၀၀၀၀၀) ကိုပေးအပ်ချီးမြှင့်ပြီး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးက ဂုဏ်ပြုပစ္စည်းပေးအပ်ခဲ့ကြောင်းနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး ပထမအဆင့်ရရှိသူ မောင်အောင်ဇော်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)