လွယ်ဂျယ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ

လွယ်ဂျယ် ဇွန် ၂၃

ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကိုဇွန်လ (၂၃) ရက် နံနက် (၉) နာရီတွင် လွယ်ဂျယ်မြို့ ပြန်ကြားရေးနှင့်ပြညသူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင်ကျင်းပသည်။

ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်းနှင့် နယ်ရှောင်ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၃၂) ဦး၊ အ.ထ.ကကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၇) ဦးတို့က မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပန်းချီနှင့်စာစီစာကုံးပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြသည်။

ဆက်လက်၍ ဟောပြောပွဲကိုဆောင်ရွက်ရာ လူကုန်ကူးမှုတားဆီးကာကွယ်ရေးတပ်ဖွဲ့စိတ် လွယ်ဂျယ်မှ ဒုရဲမှူးအောင်လှိုင်၊ မူးယစ်တပ်ဖွဲ့စိတ်(၁)လွယ်ဂျယ် လှုပ်ရှားမှ ဒုရဲအုပ်ကျော်သူအောင်၊ ပြန်/ဆက်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးတို့က အသိပညာပေး ဟောပြောခဲ့ကြသည်။

ယင်းနောက်ပြိုင်ပွဲတွင် ဆုရရှိသူများကို မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်း၊ လူကုန်ကူးမူ တားဆီးကာကွယ်ရေးတပ်ဖွဲ့စိတ်လွယ်ဂျယ်မှ ဒုရဲမှူးအောင်လှိုင်၊ မူးယစ်တပ်ဖွဲ့စိတ် (၁) လွယ်ဂျယ်

လှုပ်ရှားမှ ဒုရဲအုပ်ကျော်သူအောင်တို့က ဆုများကိုချီးမြှင့်ခဲ့ကြသည်။ပြိုင်ပွဲအပြီးတွင် ပြန်/ ဆက် ဦးစီးဌာနက ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် နံရံကပ်စာစောင်၊ ဓါတ်ပုံမှတ်တမ်းများကို ကျောင်းသား/ကျောင်သူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။

လွယ်ဂျယ် (ပြန်/ဆက်)