လောက်ကိုင်မြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ကျောင်းသားများနှင့် ဝန်ထမ်းများအား ဟင်းအဟာရ ကျွေးမွေးလှူဒါန်း

လောက်ကိုင် ဇွန် ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ ကျောင်းသားများနှင့် ဝန်ထမ်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ဟင်းအဟာရ သုံးနပ်စာ  လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းမှုတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမိသားစုမှ ဟင်းတစ်နပ်စာ၊ မြို့နယ်အခွန်ဦးစီးဌာနမှ ဟင်းတစ်နပ်စာ၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ ဟင်းတစ်နပ်စာ စုစုပေါင်း ဟင်းသုံးနပ်စာအတွက် ယွမ်(၉၀၀)အား နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းသားများနှင့် ဝန်ထမ်းအတွက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းသားများနှင့် ဝန်ထမ်းများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ကျန်ရှိနေသည့် ဌာနဆိုင်ရာများမှလည်း တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းလှူဒါန်းသွားရန် မှာကြားခဲ့ကြောင်း သိရသည်။

ညိုညိုဝင်း( လောက်ကိုင်)