မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး သိပညာပေးဟောပြောပွဲကျင်းပ

မံစီ ဇွန် ၂၃

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မံစီ) ဖုန်ကန်ဒူဝါခန်းမဆောင်၌ ဇွန် ၂၂ ရက် နံနက် ၁၀ နာရီက မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာ ကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲကို ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိပြီး မူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးစေရန်နှင့် အသိပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး အခြေခံပညာအထက်တန်းကျောင်း(မံစီ)၊ မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မံစီမြို့နယ်ရဲတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ကျောင်းအုပ်ဒေါ်ခင်နှင်းဝေက အဖွင့်အမှာစကားပြောကြားပြီးနောက်  မံစီမြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးဇော်လင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦးနှင့် အခြေခံပညာအထက်တန်းကျောင်း(မံစီ) အလယ်တန်းပြဆရာမဒေါ်နန်ဇင်တို့က မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များအကြောင်းနှင့် ဆောင်ရန်ရှောင်ရန်အချက်များ၊ စာပေလေ့လာ ဖတ်ရှုခြင်း၏အကျိုးကျေးဇူးများကို အသီးသီး အသိပညာပေး ဟောပြောခဲ့သည်။ ဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်း(မံစီ)မှ ကျောင်းသားကျောင်းသူများနှင့် ဆရာ ဆရာမများ တက်ရောက်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ်ဆေးဝါး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များပြသခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)