အ.ထ.က (လဲချား)ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

လဲချား ဇွန် ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အ.ထ.က(လဲချား)ကျောင်းတွင် (COVID-19)ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် သွေးလွန်တုပ်ကွေး ရောဂါကာကွယ် နှိမ်နှင်းရေး  အသိပညာပေးဟောပြောပွဲ ကျင်းပခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးစိုင်းသက်အောင်ဦးမှ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရခြင်း အကြောင်းအရာများ၊ ရောဂါဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ဆောင်ရွက်ရမည့် အကြောင်းအရာများကို ကျောင်းသား/ကျောင်းသူ လူငယ်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေး ဟောပြောခဲ့ပြီး (COVID-19)ရောဂါ ကာကွယ်ဆေး မထိုးနှံသေးရသူများနှင့် အပိုထပ်ဆောင်းထိုးရမည့် ကျောင်းသား/ကျောင်းသူများအား စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။

လဲချား(မြို့နယ်ပြန်/ဆက်)