မင်္ဂလာဒုံမြို့နယ်တွင် ပေါင်းစည်းခြင်းရဲ့တွဲလက်များ ပရဟိတအဖွဲ့နှင့် စေတနာရှင်များ စုပေါင်း လှူဒါန်း

ရန်ကုန် အောက်တိုဘာ ၉

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်၊ အပိုင်(၇) အာသာဝတီလမ်း၊ အပိုင်(၄) အင်ကြင်းလမ်း၊အပိုင်(၅) ဂျိုးဖြူလမ်းတို့တွင် Lockdown မိသားစုဝင်များအား စားသုံး ရန်အတွက် ပေါင်းစည်းခြင်းရဲ့တွဲလက်များ ပရဟိတအဖွဲ့နှင့်စေတနာရှင်များ စုပေါင်း၍ ဆန်နှင့်မီဖို ချောင်းသုံးရန် ပစ္စည်းများကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပေါက်ကုန်း ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးတင်ဦးထံသို့ ပေးအပ်လှူဒါန်းကြောင်း သိရသည်။

အလှူရှင် မေတ္တာသင်္ဂဟအဖွဲ့၊ဦးဇော်လွင်(မိသားစု)သစ်ဆိုင်၊ကိုကျော်+မခင်မြဝင်း(မိသားစု) ဆေးဆိုင်၊ အုန်း ငှက်ပျော ဈေးဆိုင်(မိသားစု)များက စုပေါင်း၍ လှူဒါန်းခဲ့ကြောင်း သိရသည်။

မျိုးသန့်(ပြန်/ဆက်)