ဖားကန့်မြို့နယ်အတွင်းရှိ ဥရုချောင်းရေ မြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်း ရပ်ကွက်၊‌ ကျေးရွာအချို့ ရေများဝင်ရောက်

ဖားကန့် ဇွန် ၂၃ 

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့ည‌နေ ၅ နာရီခွဲခန့်က မြေနိမ့်ပိုင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့ ရေများ ဝင်ရောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးများ အဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် လုံးခင်းကျေးရွာနှင့် ကံဆီးကျေးရွာအနီး ဥရုချောင်းရေမှတ်တိုင် ရေအမှတ် (၉)ပေခန့်‌ရှိခဲ့ပြီး ဥရုကျောက်စိမ်းတောင်‌ ဘေလီ သံ‌ဘောင်တံတားနှင့် ချောင်းရေမျက်နှာပြင် အကွာအဝေး (၉) ပေခန့်နှင့် ငှက်ပျောတော ရပ်ကွက်နှင့် မရှီကထောင်ရပ်ကွက် ဆက်သွယ်ထားသော ကြိုးတံတားနှင့် ရေမျက်နှာပြင် အကွာအဝေး (၅)ပေခန့်ရှိခဲ့ကြောင်း သိရသည်။

မိုးရွာသွန်းမှုနှင့် ဥရုချောင်းရေမြင့်တက်လာမှုကြောင့် ညနေ (၅)နာရီခွဲတွင် ငှက်ပျောတော ရပ်ကွက်ရှိ မြေနိမ့်ပိုင်း အချို့နေရာများတွင် ချောင်းရေ (၁)ပေခန့်နှင့် ညပိုင်း ၇ နာရီတွင် မြို့မရပ်ကွက် မြေနိမ့်ပိုင်းအချို့တွင် (၃) ပေခန့် ချောင်းရေများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်