ဆိပ်ကြီးခနောင်တို ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ သစ်တောဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ၂၀၂၃ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီကဆိပ်ကြီးခနောင်တို ကြိုးတံတားအဆင်း ဦးထွန်းအို ရပ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနတာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များက ကျွန်း၊ ခရေ၊ မန်ဂျန်ရှား၊ ပျဉ်းကတိုး၊ ပိတောက်၊ ကံ့ကော်၊ ပျဉ်းမ၊ စိန်ပန်း၊ မဟော်ဂနီ အစရှိသည့် ပျိုးပင်ပေါင်း ၂၅၀ အား သတ်မှတ်နေရာအသီးသီးတွင် တစ်ပြိုင်နက်တည်း စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ ဆိပ်ကြီးခနောင်တိုမြို့နယ် တာဝန်ခံ ဦးစီးအရာရှိ ဦးတင်မြတ်နှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များပါဝင်သည့် စုစုပေါင်း အင်အား ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝေယံ (ပြန်/ ဆက်)