တကောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

တကောင်း ဇွန် ၂

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ မွန်းလွှဲ ၁၂ နာရီက အဆိုပါကျောင်းဝန်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှ ဘက်စုံသားဖွားဆရာမ ဒေါ်ချောစုနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးခြင်း၊ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်းချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပေးပြီး ကျောင်းသား (၁၅၃) ဦး၊ ကျောင်းသူ (၂၁၆) ဦး စုစုပေါင်း (၃၆၉) ဦးတို့အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာ၌ မြို့အုပ်ချုပ်ရေးမှူးဦးဇော်လင်းနိုင်၊ နယ်မြေစခန်းမှူး ရဲအုပ်အောင်ကိုဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးမှူးဦးမျိုးသူ၊ ဘက်စုံသားဖွားဆရာမ ဒေါ်ချောစုနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)