ရှမ်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ Quarantine ဝင်နေသော ဆရာ၊ ဆရာမများအား ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများပေးအပ်

မိုင်းယောင်း အောက်တိုဘာ ၉

ရှမ်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံသည် ယနေ့ နံနက်ပိုင်းက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦး တို့လိုက်ပါပြီး Quarantine ဝင်နေသော ဆရာ၊ ဆရာမများအား သွားရောက်ကြည့်ရှုပြီး အားပေးစကားပြောကြားကာ ဆေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် နေရပ်အသီးသီးမှ ပြန်လည်ရောက်ရှိလာကြသည့် ဆရာ ၁၈ ဦး၊ ဆရာမ ၅၅ ဦးအား အလက(တပ်တွင်း)၊ အလက-ခွဲ(မုန်းလိုက်)၊ အမက(ယမ်းခမ်း)နှင့် အမက(ဟောင်ကွေ့)ကျောင်း Quarantine Center များတွင် အသီးသီး ဝင်ရောက်နေလျက်ရှိသည်။

အလက(တပ်တွင်း)ကျောင်း အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း (Quarantine Center) တွင် ဆရာငါးဦးနှင့် ဆရာမတစ်ဦး၊ အလက-ခွဲ(မုန်းလိုက်)ကျောင်း အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း (Quarantine Center)  တွင် ဆရာတစ်ဦးနှင့် ဆရာမ ၃၈ ဦး၊ အမက(ယမ်းခမ်း)ကျောင်း အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း (Quarantine Center) တွင် ဆရာ ၁၂ ဦးနှင့်  အမက(ဟောင်ကွေ့)ကျောင်း အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း (Quarantine Center) တွင် ဆရာမ ၁၆ ဦး ဝင်ရောက်လျက်ရှိပြီး ကျန်းမာရေး၊ ကြက်ခြေနီအသင်းအဖွဲ့နှင့် ပညာရေးဝန်ထမ်းများက အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် စားရေးသောက်ရေး အဆင်ပြေရေး အတွက် နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အတူ ဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ရွေးကောက်ပွဲကာလအတွင်း မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ရန် ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်း တက်ရောက်နေသော အထူးရဲတပ်ဖွဲ့ဝင် ၆၈ ဦးအား သွားရောက်ကြည့်ရှု အားပေးပြီး ဆေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း