နောင်ချို ဇွန် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ခံထုတ်ဝေသော ၂၀၂၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေလျက်ရှိရာ ယနေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁)၌ ပြောကြားသည့် အမှာစကား ကောက်နှုတ်ချက် အပါအဝင် မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာ သင့်သည့်အချက်များ၊ အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မူးယစ်ဆေးဝါးတို့ရှောင်ရှား စသည့် ခေါင်းစဉ်များဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ သိမှတ်ဖွယ်ရာ အကြောင်းအရာများနှင့် ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များစုံလင်စွာ ဖော်ပြပါရှိကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)