တိုက်ကြီးမြို့နယ် ကလော့သော့ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်များ လဲပြို

တိုက်ကြီး အောက်တိုဘာ  ၉

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ကလော့သော့ ကျေးရွာ အုပ်စုတွင် ယမန်နေ့ ညနေ ၃ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာရှိ လူနေအိမ်(၂)လုံး ပြိုကျပျက်စီးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

အဆိုပါ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်မှုတို့ကြောင့် ကလော့သော့ ကျေးရွာနေ ဒေါ်ခင်သန်း ၏ နေအိမ်မှာ ပြိုကျပျက်စီးခဲ့ကြောင်း၊ အလားတူ ဦးမျိုးမြင့်၏ နေအိမ်မှာ အမိုးလန် ပျက်စီးသွားကြောင်းနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှု မရှိခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)