ကျောက်တန်း ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ စံပြကွက်များဆောင်ရွက်မည့် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်း အခမ်အနားနှင့် ဘောင်စနစ်ဖြင့်ပျိုးထောင်ခြင်း ကွင်းသရုပ်ပြပွဲကို ကျောက်တန်းမြို့နယ် အရှေ့ပိုင်းကျေးရွာ၊ ကွင်းအမှတ်(အရှေ့ပိုင်းကျေးရွာ၊ ကွင်းအမှတ်(အရှေ့ပိုင်းကျေးရွာ၊ ကွင်းအမှတ်( ၆၂၈)၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကျောက်တန်းမြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌအဖွဲ့ ဦးဘုန်းခန့်အောင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမျိုးသန့်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများတက်ရောက်ခဲ့ကြသည်။
ထို့နောက်ကျောက်တန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဉီးဘုန်းခန့်အောင်မှ တောင်သူများအား ဓာတ်မြေသြဇာများထောက်ပံ့ပေးခဲ့ပြီး ဘောင်စနစ်ဖြင့် စိုက်ပျိုးသရုပ်ပြခြင်းကို ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ ဆက်)