မတ္တရာမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်နှင့် စာစီစာကုံးပြိုင်ပွဲများကျင်းပ

မတ္တရာ ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်နှင့် စာစီစာကုံးပြိုင်ပွဲများကို ဇွန်လ ၂၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲများမှ အခြေခံပညာ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသားကျောင်းသူ ၂၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ကြသည်။ ထို့နောက် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို မူးယစ်ရန်စွယ်တို့ကာကွယ် ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပရာ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ ၂၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို နေ့လည် ၁ နာရီ အချိန်တွင် မူးယစ်ကိုပစ် ပန်းတိုင်သစ် ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပခဲ့ရာ ကျောင်းသား/ကျောင်းသူ ၂၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများကျင်းပရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသူသော ကျောင်းသား/ကျောင်းသူများအား အဆိုပါ အထိမ်းအမှတ်နေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)