ကျောက်တန်း ဇွန် ၂၃
၂၀၂၃၊ ဇွန်လ ၂၆ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစားစောင်ကို ယနေ့မွန်းလွဲ၁နာရီခွဲအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (အ.လ.က)မြို့မ ၊ကျောက်တန်းမြို့မှ ကျောင်းသား၊ ကျောင်းသူများအားအခမဲ့ ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေပြီး ကျောင်းသားကျောင်းသူ၊ လူငယ်လူရွယ်များ သိရှိလိုက်နာသင့်သည့် အချက်များ "မူးယစ်ဆေးဝါး၊ ဒို့ရှောင်ရှား"၊ အမျိုးသားမူးယစ် ထိန်းချုပ်ရေး မူဝါဒ ဘိန်းအစားထိုးစိုက်ပျိုးရမည့် အစေ့ထုတ်ပြောင်း စံပြကွက်ဟောပြောမှု့များ၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်းအကြောင်းအရင်းများ၊ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်မှု့များ၊ "မူးယစ်ဆေးဝယ်အန္တာရယ် အမျိုးသားရေးအသွင် တိုက်ဖျက်" နှင့် "မူးယစ်ကိုပစ် ပန်းတိုင်သစ် စိတ်သစ် လူသစ်ဘဝ" ခေါင်းစဥ်များဖြင့် ဆောင်းပါး၊ ဆောင်ပုဒ်၊ ကဗျာနှင့် ကာတွန်းများစုံလင်စွာ အသိပညာပေး ထည့်သွင်းဖော်ပြထားကြောင်းသိရသည်။
ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာဗဟုသုတရရှိအောင် လူငယ်များအတွက် အသိပညာပေးလုပ်ငန်းများကိုအ စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)