နမ္မတူမြို့နယ်၌ အများပြည်သူ အသိပညာဗဟုသုတရရှိစေရေး အသိပညာပေး မြေစိုက်နံရံကပ်စာစောင် ပြသဆောင်ရွက်

နမ္မတူ အောက်တိုဘာ ၉

အများပြည်သူ အသိပညာဗဟုသုတရရှိစေရေး အသိပညာပေး မြေစိုက်နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၁)နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးမြေစိုက်နံရံကပ်စာစောင်တွင် ကိုဗစ်-၁၉ဆိုင်ရာ အသိပညာပေး ရုပ်ပုံများနှင့် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများအား အများပြည်သူ  ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ပြသဆောင်ရွက်ခဲ့သည်။

နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး မြေစိုက်နံရံကပ်စာစောင်ကို ရုံးရှေ့ လူသွားလူလာများသည့်နေရာတွင် စိုက်ထူထားရှိပြီး အများပြည်သူ အသိပညာဗဟုတတိုးပွားစေရေးအတွက် လစဉ် နိုင်ငံတော်အကြီးအကဲများ၏ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ချက်များ၊ မြို့နယ်တွင်းဌာဆိုင်ရာများ၏ မြို့တွင်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များနှင့် အများပြည်သူများ သိသင့်သိထိုက်သည့် အသိပညာပေး အကြောင်းအရာများအား စဉ်ဆက်မပြတ်လဲလှယ်ပြသ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)