သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုများချီးမြှင့်ပွဲပြုလုပ်

သာစည် ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီး သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အထက်တန်းအဆင့်  ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုများချီးမြှင့်ပွဲကို ဇွန် ၂၃ ရက် နံနက် ၈ နာရီခွဲက  ပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ခေါင်းစဉ်သုံးမျိုးဖြင့် ကျင်းပပြုလုပ်ရာ အမှတ် (၁) နှင့် အမှတ် (၂) အခြေခံပညာကျောင်းများမှ ကျောင်သား/သူ ၁၃ ဦးတို့က ယှဉ်ပြိုင်ရမည့်ခေါင်းစဉ်ကို မဲနှိုက်ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယနှင့် တတိယဆုများ ရွေးချယ်သည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကျင်းပပြုလုပ်ခဲ့သော အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲ၌ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် ကျပန်းစကားပြောပြိုင်ပွဲ၌ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတေဇာမြင့်နှင့် ဦးစိုးဝင်းအောင်၊ မြို့နယ်ပညာရေးမှူးဦးလှထွန်းနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေး Talk Show၊ အလယ်တန်းအဆင့်  ပန်းချီပြိုင်ပွဲ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အသိပညာ ပေးဟောပြောပွဲနှင့် ပြပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။      

အဆိုပါပြိုင်ပွဲနှင့် ဆုများချီးမြှင့်ပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ဥက္ကဋ္ဌနှင့်အတွင်းရေးမှူး၊ မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌနှင့် အမှတ်ပေးဒိုင်များအဖြစ်  ဆောင်ရွက်ပေးကြသော စာရေးဆရာများ၊ ပန်းချီဆရာဦးမြတ်ကို (ကာတွန်းလူမင်းအောင်)၊  ဆရာ/မများနှင့် ကျောင်းသား/သူများ   တက်ရောက်ခဲ့ကြကြောင်း သိရသည်။                                                           

မြို့နယ်ပြန်/ဆက်