မီးဘေးလုံခြုံရေးအတွက် အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ

ကွန်ဟိန်း ဇွန် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မျိုးသန့် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၁၁ နာရီခန့်က ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးရာတွင် ကွန်ဟိန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မျိုးသန့်က မီးလောင်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ရာတွင် မီးသတ်ဆေးဘူး အသုံးပြုပုံအဆင့်ဆင့်နှင့် မီးငြှိမ်းသတ်နည်းများကို ရှင်းလင်းပြောကြားပြီး မီးလောင်ကျွမ်းမှုဖြစ်လျှင် ကြိုတင်ကာကွယ် ငြှိမ်းသတ်နည်းစနစ်များတို့ကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ပြီး သင်တန်းကျောင်းမှ သင်တန်းသူများကိုလည်း မီးငြှိမ်းသတ်မှုများကို လက်တွေ့လေ့ကျင့် ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စာသင်ဆောင်တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပြောကြားပြီး ငလျင်ဘေးအန္တရာယ် ကြုံတွေ့လာပါ ဆောင်ရွက်ရန်နည်းလမ်း များကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)