မက်မန်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ် စာစောင်ပြပွဲနှင့် စာစီစာကုံးပြိုင်ပွဲပြုလုပ်

မက်မန်း ဇွန် ၂၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာစီစာကုံးပြိုင်ပွဲအား ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မက်မန်းခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက ဟောပြောပွဲများ၊ ပြပွဲများ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား၍ ပြိုင်ပွဲဝင် ကျောင်းသား/ သူများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နှင့် သက်ဆိုင်သော စာစီစာကုံးအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆုရ ကျောင်းသား/သူများကို ဆုများ အသီးသီး ပေးအပ်ခဲ့ပြီး၊ နံရံကပ်စာစောင်နှင့် စာအုပ်/ စာစောင်ပြပွဲများ ဆက်လက်ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပြန်/ဆက်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊  ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)