ပုဏ္ဏားကျွန်းမြို့၌ လူကုန်ကူးမှုတားဆီနှိမ်နင်းရေး ဉပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

ပုဏ္ဏားကျွန်း ဇွန် ၂၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ မဟာပညာကျော်ခန်းမတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဉပဒေနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းက အဖွင့်အမှာစကားများ ပြောကြားပြီး၊ ပုဏ္ဏားကျွန်းမြို့၊ မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်စိုးလွင်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဉပဒေပါ ပြစ်မှုပြစ်ဒဏ်များ၊ ဖော်ထုတ်ဖမ်းဆီး အရေးယူဆောင်ရွက်ခဲ့သည့် လူကုန်ကူးမှုဖြစ်စဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆွေက “လူသည်ရောင်းကုန်မဟုတ်ပါ” ခေါင်းစဉ်ဖြင့် ကျောင်းသား လူငယ်များ သိသင့်သိထိုက်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပြီး၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဉပဒေပြဌာန်းချက် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)