လမ်းမတော်မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေ၊ ထမင်းဘူးနှင့် မုန့်များ လာရောက်လှူဒါန်း

လမ်းမတော် အောက်တိုဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊  ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ယမန်နေ့က အမှတ်(၁၄၃)၊ မင်းရဲ ကျော်စွာလမ်း၊ ၈ ရပ်ကွက်ရှိ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များအဖွဲ့ချုပ်မှ အလှူငွေ ၁၀ သိန်းကျပ်ကိုလည်းကောင်း၊ အမှတ်(၁၄၉)မြေညီ၊၁၆လမ်းအထက်၊ ၇ရပ်ကွက် CENTRAL LPG Piping Development Co.Ltd မိသား စုမှ ညနေစာထမင်းဘူး(၁၅၀)၊ စိတ်ကြိုက်အချိုဘတာ ဘီစကစ်နှင့် ဘုရင်ကိတ်ခြောက်တစ်မျိုးလျှင်(၁၅၀)ခုတို့ကို  ပေးအပ်လှူဒါန်းရာ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်း၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းနှင့်အဖွဲ့ဝင်တို့က လက်ခံ ရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအလှူရှင်မှ လှူဒါန်းပေးသော အလှူငွေများအား မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် Community  Based  Facilities  Quarantine  Centre  များတွင် လိုအပ်သည့် နေရာများ၌ ဖြည့်ဆည်း အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် လမ်းမတော်မြို့နယ်တွင် Community  Based  Facilities  Quarantine  Centre  (၁)ခုနှင့် အနံ့ပျောက်၊ ဖျားနာလူနာများ ထားရှိသည့် Isolated Centre(၁)ခု ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိပါသည်။

အေးမဥ္ဇူ (ပြန်/ဆက်)